top of page

skin care တွေလိမ်းနေပေမဲ့ အသားအရည်အတွက် ပိုထိရောက်မှုရှိပြီး နုပျိုနေအောင် eye cream လိမ်းကိုလိမ်းရမယ်နော်။ မျက်လုံးနားကအရေပြားလေးတွေကလေ တခြားနေရာက အရေပြားလေးတွေထက်ကို ပိုပြီး ပါးတယ် နူးညံ့တယ်… ဒါကြောင့် အသက်အရွယ်ရလာတဲ့အခါ မျက်လုံးနားအရေးအကြောင်းတွေက တခြားနေရာတွေထက် ပိုပြီး သိသာတတ်တာမျိုးပေါ့...တော်တော်များများက skin care တွေ လိမ်းနေပေမဲ့ eye cream မလိမ်းမိတတ်ကြဘူး။ တကယ်ဆို Eye cream က အရေးကြီးဆုံးနော်။ Moisturizer လိမ်းရုံလောက်နဲ့ မျက်လုံးနားတဝှိုက် တွန့်တာတွေကို ကာကွယ်ဖို့ လုံလောက်ပုံရပေမယ့်လို့ Eyecream လိမ်းတာနဲ့တော့ အများကြီးကွာတယ်

Moisturizer တော်တော်များများက မျက်လုံးနားတဝှိုက်ကို မလိမ်းဖို့ သတိပေးထားတတ်တယ်… ဘာလို့လဲဆိုတော့ Moisturizer တွေမှာ မျက်လုံးဧရိယာကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ အမွှေးအကြိုင်တွေနဲ့ တာရှည်ခံပစ္စည်းတွေ ပါဝင်လို့ပါ

Eyecream တွေကကျတော့ မျက်လုံးနားတဝှိုက်ကို ဘေးကင်းကင်းအသုံးပြုဖို့အတွက် safe အဖြစ်ဆုံး အထူးဖော်စပ်ထားပေးတယ်… ပြီးတော့ ပါဝင်ပစ္စည်းတွေက မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာနဲ့ အရေးအကြောင်းတွေအတွက် အဓိကရည်ရွယ်ပြီးထုတ်ထားတာဖြစ်တယ်

eye cream တွေ က ပမာဏနည်းနည်းလေးပါပြီး တခြား skin care တွေထက် စျေးများတာကလဲ ဒီလိုအကြောင်းတွေကြောင့်ပေါ့

Lancome absolue soin regard revitalisant revitalizing eye cream 5ml

49,000.00KPrice
Out of Stock