top of page
Search

Cosmetics တစ်ခုဘယ်ချိန်ထိသုံးလို့ရလဲ ဘယ်လိုသိမ်းရမလဲ ?

skin care တွေ လဲ သုံးနေပါရဲ့နဲ့ အဖုတွေပေါက်လာတာ မျက်နှာအသားရေပျက်စီးလာတာတွေဖြစ်တာ ကလေ ကိုယ့်အသားရည်နဲ့မတည့်တာလဲ ဖြစ်နိုင်သလို ရက်လွန်နေတဲ့ ပစ္စည်းတွေသုံးမိနေတာကြောင့်လဲဖြစ်နိုင်ပါတယ်

ကိုယ့်ရဲ့မျက်နှာအသားရည်ကို အမှန်တကယ်ပဲ ဂရုစိုက်တယ်ဆိုရင် ကိုယ်သုံးနေတဲ့ skin care တွေ makeup တွေက ဘယ်တော့ ရက်လွန်မလဲ သက်တမ်းကုန်ဆုံးမလဲဆိုတာကို အမြဲ စစ်ကြည့်ဖို့ မမေ့ပါနဲ့နော်

အစ်မကို customer တွေ က cosmetics တွေရဲ့ သက်တမ်းခဏခဏလာမေးကြလို့ မသိသေးတဲ့သူတွေအတွက်ပါ အသုံးဝင်အောင် အစ်မ ဒီစာလေးရေး လိုက်တာပါ


Makeup products တွေရဲ့ သက်တမ်းကုန်ဆုံးတဲ့ရက်က အစ်မတို့ စပြီး ဘူးကို ဖွင့်လိုက်တဲ့နေ့က စ တွက်ပါတယ်

ကိုယ်သုံးနေတဲ့ product က အနံ့တွေပြောင်းလာပြီ texture တွေပြောင်းလာပြီ ဆိုရင် လုံးဝ လုံးဝ ကိုဆက်မသုံးသင့်တော့ပါဘူး

Cosmetics တစ်ခုရဲ့ သက်တမ်းက 𝙋𝙚𝙧𝙞𝙤𝙙 𝙖𝙛𝙩𝙚𝙧 𝙤𝙥𝙚𝙣𝙞𝙣𝙜 (𝙋𝘼𝙊) နဲ့ စထုတ်တဲ့ နှစ်အပေါ်မှာ မူတည်ပါတယ်

Makeup product တွေရဲ့ ဘူးခွံတွေမှာ 𝘽𝙖𝙩𝙘𝙝 𝘾𝙤𝙙𝙚 ပါပါတယ်

အဲ့ဒီ batch code နဲ့ အစ်မတို့က ဒီပစ္စည်းထုတ်ထားတာ ဘယ်လောက်ကြာပြီလဲဆိုတာ စစ်လို့ရပါတယ်

များသောအားဖြင့် batch code တွေက ဘူးခွံရဲ့အောက်နားမှာ ပါတတ်ပါတယ် ( နမူနာပုံတွေ ပြထားပါတယ် ပုံမှာကြည့်ကြည့်ပါ)




အဲ့ဒီ batch code ကို ရှာ

ပြီးရင်

ဒီ website တွေမှာ brand နာမည်နဲ့ ခုနက batch code ရိုက်ထည့်ပြီး ကြည့်နိုင်ပါတယ်

အဲ့လို စထုတ်တဲ့ လ နဲ့ နှစ် ကိုသိနိုင်ပါတယ် အဲ့တော့ စထုတ်တဲ့နှစ်ကနေ ဆို

Alcohol ပါတဲ့ ရေမွှေး - ၅နှစ်နီးပါး Skin Care - အနည်းဆုံး ၃နှစ် Makeup - ၃နှစ်ကနေ ၅နှစ်ကျော်ထိ ခံပါတယ်

ဒါက မသုံးရ မဖောက်ရသေးတဲ့ အသစ်အနေအထားအတိုင်းကိုပြောတာပါ

—————————

ဒီတော့ ဖောက်ပြီး သုံးနေပြီး သုံးလက်စ တွေဆိုရင်ရော သက်တမ်းဘယ်လောက်ရှိသလဲ ?ဘယ်လောက်ဆို ရက်လွန်ပြီလဲ ? ဘူးဖွင့်လိုက်တာနဲ့ ဘယ်လောက်ထိ သိမ်းထားလို့ရသလဲ??

Period After Opening (PAO) ဆိုတာက ဘူးစဖွင့်ပြီး ဘယ်လောက် သုံးလို့ရတယ်ဆိုတာကို ပြောတာပါ

Cosmetics ဘူးတွေမှာ ဘူး အောက်နားမှာ ရှာကြည့်ရင် အဖုံးဖွင့်ထားတဲ့ ပုံ အမှတ်အသားလေးကို တွေ့ရမှာပါ ( နမူနာပုံတွေ ပြထားပါတယ် ပုံမှာကြည့်ကြည့်ပါ)

အဲ့ဘူးပုံအမှတ်အသားမှာ 6𝙈, 12𝙈 ဆိုတဲ့စာလေးတွေပါတာလဲ တွေ့ရပါလိမ့်မယ် M ဆိုတာ Months (လ) ကိုပြောတာပါ

ဒီတော့ 6M ဆို အဖုံးဖွင့်ပြီး ၆လ ,12M ဆို အဖုံးဖွင့်ပြီး ၁၂လ ထိ Fresh ဖြစ်တယ် သုံးလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ

ဒီ ကာလအပိုင်းအခြားတွေက အများဆုံး အသုံးပြုနိုင်တဲ့ ကာလ ကို ဖော်ပြပေးထားတာဖြစ်ပါတယ်

ကိုယ့်ရဲ့အထားအသို နေရာ အပူချိန် ပေါ်မူတည်ပြီးလဲ သက်တမ်းက ဒီထက်ပို တိုနိုင်ပါတယ်

——————————

ဒီတော့ ဝယ်ထားတဲ့ cosmetics တွေကို သူ့သက်တမ်းရှိတဲ့အထိ ခံအောင် ဘယ်လိုသိမ်းမလဲ ဘယ်လိုမျိုးသုံးရမလဲ ??

Bacteria တွေ မှိုတွေက cosmetics တွေပေါ်မှာ ပေါက်ဖွားတတ်ပါတယ် အဲ့ဒါကြောင့်

နေရောင် တိုက်ရိုက် ကျတဲ့နေရာ စိုစွတ်တဲ့နေရာ ရေချိုးခန်း

တွေမှာ ထားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး

အခန်းအပူချိန်အတိုင်းပဲ ထားရင်ရပါတယ်

cream , lotion အမျိုးအစားတွေဆို ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ရပါတယ်

အသုံးမပြုခင်မှာ လက်ကို သန့်စင်အောင် ဆေးရပါမယ်

——————————

Cosmetics အမျိုးအစားအလိုက် အဖုံးစဖွင့်ပြီးတာနဲ့ သုံးလို့ရမဲ့ “အကြမ်းဖျဉ်း” သက်တမ်း နဲ့ သူ့သက်တမ်းရှိတဲ့အထိခံအောင် သုံးလို့ရတဲ့ နည်းလမ်းတွေ ဆက်ပြောပြမယ်နော်

ဘယ် ပစ္စည်းမဆို သုံးပြီရင် လုံအောင်ပြန်ပိတ်ပါ ကိုယ်စပြီး ဘူးဖွင့်တဲ့နေ့ကို ဘူးပေါ်မှာ မှတ်ထားပါ

Foundation ————— ဘူးစဖွင့်ပြီး ၆ လ ကနေ ၁နှစ်ထိပဲ သုံးလို့ရပါတယ် break out အများဆုံးဖြစ်တာ foundation တွေကြောင့်ပါ

Pump မပါတဲ့ foundation ဘူးတွေဆို

လက်နဲ့ ပုလင်းထဲနှိုက်တာမျိုး မလုပ်ရပါဘူး လက်မှာ ရှိတဲ့ မမြင်နိုင်တဲ့ bacteria တွေက ပုလင်းထဲ ရောက်သွားနိုင်ပါတယ်

လက်ထဲကို ကိုယ်သုံးမဲ့ ပမာဏလောက်ပဲ ထည့်ပြီး လိမ်းပါ

Lipstick , pencil Liner, Brow pencil and Gloss ———————————

ဘူးစဖွင့်ပြီး ၁နှစ်ထိ သုံးလို့ရပါတယ်

အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းနိုင်ပါတယ်

ကားထဲမှာထားတာမျိုးလဲ ရှောင်ပါနော်

နှုတ်ခမ်းနီတွေ အနံ့မကောင်းတော့ရင် ပစ်လိုက်ပါနော်

Mascara , Liquid eyeliner ————

ဘူးစဖွင့်ပြီး ၃လ ကနေ ၆လ ထိ ပဲ သုံးလို့ရပါတယ်

အဖုံဖွင့်ပြီးထားတဲ့ အချိန် နည်းနိုင်သမျှ နည်းအောင်ထားပါ သူများနဲ့ share မသုံးပါနဲ့ မျက်လုံး area မို့ အရမ်းအရေးကြီးပါတယ်

Powders ( ပါးနီ , bronzer, shadow ) ———————— ဘူးစဖွင့်ပြီး ၁ နှစ်ကနေ ၂နှစ် ၃နှစ် ထိ သုံးလို့ရပါတယ်

အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းနိုင်ပါတယ်

နောက်တစ်ချက်ကတော့ ကိုယ်သုံးနေကြ brush တွေ sponge တွေကိုလဲ တစ်ပတ်တစ်ခါ ဆေးပေးဖို့ မမေ့နဲ့နော်

——————————————

အစ်မတို့ မိန်းကလေးတွေကလေ cosmetics ဆို ကိုယ့်ဆီမှာ ဘယ်လောက်ပဲရှိရှိ အသစ်ထွက်တာလဲ လိုချင် sale ချတာလဲ လိုချင်နဲ့ ခဏခဏတွေဝယ်မိတတ်တယ်

အဲ့ဒါကြောင့် တစ်ခုက သုံးလို့မကုန်သေး နောက်တစ်ခုက ဝယ် နဲ့ သုံးလို့တောင်မကုန်သေးပဲ အများကြီးဖြစ်လာရော အဲ့လိုကနေ ကြာလာတော့ ရက်တွေလွန်ပြီး ပစ်ရမလို သိမ်းထားရမလိုနဲ့ ဖြစ်တတ်ကြပါတယ်

ဒီတော့ ဘယ်လိုဝယ်ပြီး ဘယ်လိုသိမ်းမလဲ ??

Buying Guide ——————— အရေးကြီးဆုံးအချက်က batch code နဲ့ manufactured date စစ်ပါ

တန်လို့ ကြိုက်လို့ ဆိုပြီး အသစ်ဝယ်ထားတာရှိရင်လေ ကိုယ်မသုံးဖြစ်သေးရင် ယောင်လို့တောင် ဘူးကိုဖွင့်မကြည့်ပါနဲ့

အပြင်မှာဘယ်လိုအရောင်လေးရှိတာလဲတို့ ဘာအနံ့လေးလဲလို့တောင် မသိချင်ပါနဲ့

အဲ့လို လေး ဖွင့်လိုက်တာနဲ့ အထဲကပစ္စည်းကို ထိထိမထိထိ ဘူးထဲကို လေဝင်သွားပြီဖြစ်လို့ expire က စတွက်ပါပြီနော်

အစ်မတို့ Glorious မှာဆို အပြင်ပုံကြည့်ချင်လို့ဆိုပြီး customers တွေ ပြခိုင်းတိုင်း အစ်မတို့ ပြလို့မရကြောင်း ခဏခဏ ရှင်းပြရပါတယ်

လာဝယ်တဲ့ customer တွေ ကြည့်ချင်လို့ ဖွင့်ပြမိရင်တောင် အဲ့ပစ္စည်း သူတို့မယူဖြစ်ရင် အစ်မ သုံးလိုက်ပါတယ် ဒါမှမဟုတ် ဖွင့်ကြည့်ထားတယ် လို့သေသေချာချာ ပြောပြီး စျေးလျှော့ပြီး ပြန်ရောင်းပါတယ်

မဖောက်ရသေးပဲ သိမ်းထားတဲ့ cosmetics တွေက ဖောက်ဖွင့်လိုက်လို့ လေဝင်သွားတဲ့ cosmetics တွေထက်ကို ပို ကြာရှည်ခံပါတယ်

ဒီနေရာမှာ ကြုံတုန်းပြောချင်တာက အစ်မတို့ ရောင်းတဲ့သူတွေက ပိုသတိထားရပါတယ်


အစ်မတို့ဆို ပစ္စည်းရောက်လာရင် အပြင်မှာ အရောင်ပိုလှရဲ့လား ဘယ်လိုအရောင်ရှိလဲ ဘာညာသိချင်တာတောင် ဖွင့်မကြည့်ပါဘူး Customer တွေလက်ထဲ အသစ်စက်စက်ကို ပေးချင်လို့ပါ

ဒါမှသာ customer က မသုံးသေးပဲ ဘူးမဖွင့်ပဲ သိမ်းထားရင်တောင် သူ့သက်တမ်းရှိသလောက် သိမ်းထားလို့ရမှာပါ

အစ်မတို့ Glorious မှာ အပြင်ပုံ အရောင်တွေတင်ရင်လဲ အစ်မကိုယ်တိုင် သုံးမဲ့ဘူးကို မသုံးခင် အရောင်တွေ ဓာတ်ပုံရိုက်ထားတာပါ

နောက်တစ်ခုက အစ်မတို့ရောင်းတဲ့ပစ္စည်း expire နီးနေတာ expired ဖြစ်နေတာဆို ပြန်လဲပေးပါတယ်

ချစ်တဲ့

Glorious Team

263 views0 comments
bottom of page