top of page
Search

Cosmetics အ၀ယ်မမှားစေဖို့ ဆောင်ရန်.. ရှောင်ရန်..



Cosmetics/ Skincare တွေဝယ်ရင် မဝယ်ခင် မဖြစ်မနေ ကိုယ်တိုင်လုပ်သင့်တာတွေကို ပြောပြချင်ပါတယ်


Cosmetics/ Skincare ဆိုတာ မျက်နှာပေါ်တင်ရတာပါ ရွေးချယ်မှုမှားယွင်းတာနဲ့ မျက်နှာလှလှလေးတွေ ထိခိုက်ပျက်စီး မှာ စိုးလို့ အမ ဒီစာကို ရေးတာဖြစ်ပါတယ် ပြီးတော့ အဝယ်မှားတာမျိုး မဖြစ်စေချင်လို့ပါ..


1. မဝယ်ခင် Review တွေ သေချာရှာဖတ်ပါ


2. အရောင်ပါတဲ့ Product တွေ (eg - lipstick, eyeshadow)ဆိုရင် အရောင် Swatch တွေကို Google မှာ ကိုယ်တိုင်ပြန်ရှာကြည့်စေချင်ပါတယ် .. မီးအလင်းရောင် အသားအရောင် ပေါ်မူတည်ပြီး review ပုံတွေက အရောင်တွေက ကွဲလွဲနိုင်သေးလို့ပါ


3. မဝယ်ခင် Expired Date စစ်ပါ ( product အများစုက အကြမ်းဖျဉ်းအနေနဲ့ စထုတ်တဲ့နှစ်ကစပြီး အဖုံးမဖွင့် လေမဝင်ဘူးဆို ၃နှစ်အထိ ခံပါတယ် … ဖွင့်ပြီးပြီဆို ဘူးပေါ်မှာ mention ပြထားတဲ့ အချိန်အတိုင်းအတာထိပဲခံပါတယ်)


4. Display ပြထား or ဖွင့်ပြထားတာတဲ့ ပစ္စည်းမျိုး ဆို ရှောင်ပါ ( Eg . Product တစ်ခုက စထုတ်တဲ့နှစ်က 2020 ဆိုရင် … ဘူးလုံးဝမဖွင့်ရင် ဒီပစ္စည်းက 2023 ထိ ခံတယ် … စသုံးပြီဆိုရင် ၁နှစ်ထိခံတယ်လို့ ဘူးပေါ်မှာရေးထားတယ် …ဒါပေမဲ့ ရောင်းတဲ့ဆိုင်က ဖွင့်ကြည့်လိုက်တယ်ဆိုရင် အဲ့ဒါ စသုံးပြီလို့ ယူဆပြီးတော့ expire စတွက်ပြီ … ဒီတော့ product က2023 ထိခံတယ်ဆိုပေမဲ့ တကယ်တမ်းက စဖွင့်လိုက်တဲ့ရက်ကစပြီး ၁နှစ်ထိပဲ Fresh ဖြစ်တော့တယ် … ဆိုင်ကလွန်ခဲ့တဲ့ ၆လလောက်ကဖွင့်ကြည့်မိတဲ့ပစ္စည်းဆို ရင် expire က 2023 ဆိုပေမဲ့ ကိုယ့်ဆီ ရောက်ရင် ၆လပဲ Fresh ဖြစ်မယ် ဒီသဘောပါ .. expire ဘယ်လိုစစ်ရမလဲဆိုတာ အရင်ကရေးထားတဲ့ စာ Link လေး အောက်ဆုံးမှာထည့်ပေးထားပါတယ် )


5. Official store / website နဲ့ စိတ်ချရတဲ့ ဆိုင် (eg sephora, macyတို့လို )ကဝယ်ထားတဲ့ ပစ္စည်းတွေကိုသာ ဝယ်ပါ ( US ကဝယ်တိုင်း Korea ကဝယ်တိုင်း နိုင်ငံခြားကဝယ်တိုင်းအစစ်မဟုတ်ပါဘူး …အတုတွေ / expire ဖြစ်နေတာတွေရောင်းတဲ့ website တွေအများကြီးရှိပါတယ် ဒါကြောင့် ကိုယ်ဝယ်နေကြ စိတ်ချရတဲ့ အချိန်မရွေး official/ store တွေကနေ ဝယ်ထားတဲ့ invoice ပြနိုင်တဲ့ ဆိုင်တွေကသာဝယ်ပါ)


Cosmetics/ skin care မဝယ်ခင် အဝယ်မမှားစေဖို့အပေါ်ကအချက်တွေ အရင်စဉ်းစားပြီးဝယ်စေချင်ပါတယ် ရက်လွန်နေတဲ့ product တွေပေါ်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ မှိုတွေ အများကြီး ရှိပါတယ် ရက်လွန်နေတဲ့ပစ္စည်းတွေ သုံးမိရင် အသားရေပြဿနာတွေအများကြီးဖြစ်နိုင်ပါတယ် …ဒီမှိုတွေအကြောင်းနဲ့ ရက်လွန် product တွေ အကြောင်း နောက်ရက်ကျ ထပ်ရေးပေးပါမယ် ..


ရက်လွန် မလွန် ဘယ်လိုစစ်ရမလဲ shorturl.at/lIMNS


လွတ်လပ်စွာ Share နိုင်ပါတယ် ကူးယူဖော်ပြခြင်းသည်းခံပါရှင့်

13 views0 comments
bottom of page